ဓါတ်ပုံတစ်ပုံ ပြတ်သားသလား ဝါးတားတားဖြစ်နေသလား ဆိုတာ အဆုံးအဖြတ်ပေးတဲ့ အရေးကြီးတဲ့အချက်တွေကတော့
1. Lens Quality
2. Shutter Speed and Focal Length
3. Camera Shake
4. Aperture and ISO speed
5. Stabilization
6. Depth of Field and Hyperfocal
7. Focusing Mode
8. Shooting Mode
9. Tripod Setup
10. Flash စတာတွေ ဖြစ်ပါတယ်။
1. Lens Quality
ပုံတစ်ပုံ ဘယ်လောက် sharp ဖြစ်တယ် မဖြစ်ဖူးဆိုတာ အသုံးပြုတဲ့ Lens Quality နဲ့ အများကြီးသက်ဆိုင်ပါတယ်။ ဒါကတော့ ရှင်းနေပြီးသားဖြစ်လို့ အကျယ်မပြောတော့ပါဘူး။ ဒါပေမယ့် Lens အကောင်းစားသုံးတိုင်း ပုံပြတ်သားမှုရှိမယ်လို့ အာမမခံနိုင်ပါဘူး။ တခြားအချက်တွေ ရှိပါသေးတယ်။ Kit Lens နဲ့လည်း တော်ရုံပြတ်သားမှုကောင်းတဲ့ ပုံတွေ ရိုက်ကူးနိုင်ပါတယ်။
2. Shutter Speed and Focal Length
Hand held ရိုက်တဲ့အခါမှာ ပုံပြတ်သားမှုရှိဖို့ လုံလောက်တဲ့ shutter speed ရှိရပါမယ်။ shutter speed နှေးလွန်းရင် ကင်မရာကို ငြိမ်အောင်ကိုင်ထားဖို့ မလွယ်ပါဘူး။ ဒီနေရာမှာ Lens ရဲ့ focal length က အရေးကြီးတဲ့ နေရာကပါလာပါပြီ။ Rule of thumb အနေနဲ့ကတော့ 'One over the EFL (Effective Focal Length)' လို့ ဆိုကြပါတယ်။ ဆိုလိုတာက အနှေးဆုံး shutter speed ဟာ 1/focal length ရှိရမယ်လို့ ပြောတာပါ။ ဥပမာ 50mm focal length နဲ့ ရိုက်မယ်ဆိုရင် ပုံပြတ်သားမှုရှိဖို့ အနှေးဆုံး shutter speed ဟာ 1/50 ရှိရမယ်လို့ ဆိုလိုပါတယ်။ ဒီနေရာမှာ APS-C ကင်မရာတွေဆိုရင် Crop factor ကို ထည့်တွက်ဖို့လိုပါတယ်။ Canon ဆိုရင် 1.6, Nikon ဆိုရင် 1.5 နဲ့ မြှောက်ပေးရပါမယ်။ ဥပမာ 50mm focal length ကို Nikon DX camera တွေမှာဆိုရင် 50x1.5=75mm လို့ တွက်ရပါမယ်။ ဒါဆိုရင် လိုအပ်တဲ့ အနှေးဆုံး shutter speed က 1/80s ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အလင်းရောင်မလုံလောက်တဲ့ အခါမျိုးမှာ hand held ရိုက်ရင် ဖြစ်နိုင်သလောက် focal length တိုတိုသုံးပါ၊ zoom မသုံးပဲ တက်နိုင်သလောက် အနားကပ်ရိုက်ပါ။
3. Camera Shake
အမှန်တော့ ခုနက Shutter speed နဲ့ camera shake က ဆက်စပ်နေတာပါ။ shutter speed နှေးရင် camera shake ဖြစ်ဖို့ အခွင့်အလမ်းပိုများမယ်။ ဒါပေမယ့် ကင်မရာကို နည်းမှန်လမ်းမှန် မကိုင်တက်ရင်လဲ camera shake ဖြစ်နိုင်ဖို့များပါတယ်။ အောက်ပါ ပုံမှာကြည့်ပါ။